Nouns and Adjectives (နာမ် နှင့် နာမဝိသေသန)
Basic English
နာမ် (Nouns)ဆိုသည်မှာ သက်ရှိ၊
သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့အရာဟူသမျှကို ခေါ်ဝေါ်သမုတ်ထားသည့် အမည်မှန်သမျှဖြစ်ပါသည်။
၁။ အနည်းကိန်း နှင့် အများကိန်း (cat à cats) [နာမ်တွေကို အနည်းမှအများကို ပြောင်းတဲ့အခါ (s, ies, es) တွေကို ပေါင်းထည့်တာရှိသလို၊ (s, ies, es) နဲ့ မဆုံးတဲ့ (ပုံမှန်မဟုတ်တဲ့) အများကိန်းကို ဖော်ပြတဲ့နာမ်တွေလည်း ရှိပါတယ်။]
(က) နာမ်အနည်းကိန်းကနေ အများကိန်းကို ပြောင်းတဲ့အခါ
‘s’ ကို ပေါင်းထည့်ပေးပါတယ်။
အနည်း အများ
one dog à two dogs
one apple à two apples
one
boy à two boys
လေ့ကျင့်ခန်း
(က) အောက်ဖော်ပြပါ နာမ်များအား အနည်းမှ အများသို့ ပြောင်းပေးပါ။
Camera - Book -
Eye - Word -
Newspaper - Phone -
Laptop - Computer -
Spoon - Dog -
(.ခ.) ဗျည်း
(consonants – a, e, i, o, u မဟုတ်သော အက္ခရာများ)ရဲ့ နောက်မှာ
‘y’ နဲ့ဆုံးမယ် ဆိုရင်တော့ ‘y’ ကို ဖြုတ်ပြီး ‘ies’ ပေါင်းထည့်ပေးပါတယ်။
သရ (vowels – a, e, i, o, u) ရဲ့ နောက်မှာ ‘y’ လိုက်မယ်ဆိုရင်တော့ ‘s’
ပဲ ပေါင်းထည့်ပေးရမှာဖြစ်ပါတယ်။ (ဥပမာ- boy
– boys)
အနည်း အများ
one lady à two ladies
one baby à two babies
ch,
x, sh, ss, s နဲ့ဆုံးတဲ့ နာမ်(nouns)တွေရဲ့ နောက်မှာတော့
‘es’ ပေါင်းထည့်ပေးရပါတယ်။
အနည်း အများ
a match à two matches
a box à two boxes
a brush à two brushes
a glass à two glasses
a
bus à two buses
‘o’ နဲ့ဆုံးတဲ့ တချို့သောနာမ်တွေကိုလည်း
အများကိန်းပြောင်းတဲ့အခါ ‘es’ ထည့်သုံးပါတယ်။
အနည်း အများ
a potato à two potatoes
a
tomato à two tomatoes
ပုံမှန်မဟုတ်သော အများကိန်းနာမ်များ
အနည်း အများ
a man à two men
a woman à two women
a person à two people
a child à two children
a foot à two feet
a
tooth à two teeth
လေ့ကျင့်ခန်း
(.ခ.) အောက်ဖော်ပြပါ
နာမ်များအား အနည်းမှ အများသို့ ပြောင်းပေးပါ။
address - addresses
mountain - mountains
bag -
person -
lorry -
box -
church -
waitress -
school -
egg -
secretary -
lunch -
apple -
sandwich -
city -
day -
child -
hotel -
boy -
match -
watch -
glass -
flower -
dish -
animal -
vegetable -
fly -
beach -
family -
bus -
\dress -
dictionary -
man -
foot -
eye -
orange -
0 comments:
Post a Comment